3D V-cache နည်းပညာအသုံးပြုထားတာကြောင့် ဒီ Zen 3 EPYC processor တွေရဲ့ L3 Cache ဟာ 256MB 768MB အထိမြင့်မားလာပါတယ်။ ဒီလို ၃ဆလောက်ပိုများလာတာကြောင့် workload အများအပြားမှာ efficient ဖြစ်လာပြီး များပြားလှတဲ့ application တွေမှာ စွမ်းဆောင်ရည်သိသိသာသာတိုးတက်လာပါတယ်။
AMD ဟာ V-cache နည်းပညာသုံး CPU တွေကို technical computing workload တွေဖြစ်တဲ့ computational fluid dynamics (CFD)၊ finite element analysis (FEA)၊ electronic design automation (EDA) တွေမှာ အသုံးချနိုင်ဖို့ရည်မှန်းထားပါတယ်။ ဒီအလုပ်တွေမှာ AMD ဟာ စွမ်းဆောင်ရည်သိသိသာသာကွာခြားပြီး Micron ကတော့ V-cache EPYC processor တွေဟာ သူတို့ရဲ့EDA workload တွေမှာ စွမ်းဆောင်ရည် ၄၀% ပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။
AMD ရဲ့ ဖောက်သည်တိုင်းကတော့ ရိုးရိုး EPYC Milan ထက် EPYC Milan-X processor ပြောင်းသုံးလိုက်လို့ အကျိုးကျေးဇူးခံစားရမှာမဟုတ်ပေမယ့် တစ်ချို့ တွေအတွက် ပိုပေးလိုက်ရတဲ့ဈေးနှုန်းကြောင့် ပိုမိုကျေနပ်ရစေမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Zen 4 core တွေသုံးထားတဲ့ Genoa(Zen 4 EYPC) နဲ့ Bergamo (Zen 4c EYPC) တွေဟာ ဘယ်လိုဈေးကွက်အတွက် အံဝင်မလဲဆိုတာကိုပါပြသသွားခဲ့ပါတယ်။
Source: OC3D
Source: OC3D
0 Comments