Twitter Inc. ဟာ Elon Musk ရဲ့ ဒေါ်လာ၄၄ဘီလီယံနဲ့ဝယ်ယူဖို့ကမ်းလှမ်းချက်ကိုသဘောတူလိုက်ပြီလို့ Wall Street Journal ကဆိုပါတယ်။ အစပိုင်းမှာ ဘုတ်အဖွဲ့ဝင်တွေရဲ့ဒီဝယ်ယူမှုကိုသဘောမတူမှုတွေကြုံခဲ့ရတာပါ။
ဒီဝယ်ယူမှုဟာ နည်းပညာသမိုင်းမှာ အကြီးမားဆုံး ဝယ်ယူမှုတစ်ခုအဖြစ် မှတ်ယူရမှာဖြစ်ပြီး ဘီလီယံပေါင်းများစွာသော အဆိုပါလူမှုမီဒီယာအသုံးပြုသူတွေအပေါ်ရိုက်ခတ်မှုများ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
Elon Musk ဟာ "ကျနော့်အပေါ်ဆိုးဆိုးရွားရွားဝေဖန်တဲ့သူတွေတောင် ဒီ Twitter မှာဆက်ရှိနေစေဖို့ မျှော်လင့်ပါတယ်။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ရဲ့အနှစ်သာရမဟုတ်ပါလား။" လို့ tweet ခဲ့ပါတယ်။
Source: Wall Street Journal
#EnThueTech
#News
0 Comments