Subscribe Us

header ads

Maingear နဲ့ Gigabyte တို့ရဲ့ ကြိုးပျောက် Project Stealth Gaming Desktop


လှပသပ်ရပ်တဲ့ PC ဖြစ်ဖို့ဆိုတာ cableကြိုးတွေကို တတ်နိုင်သမျှ မမြင်ရအောင် သို့ အနည်းငယ်သာမြင်ရအောင် ဖန်တီးရတာဖြစ်ပါတယ်။ ဒီကိစ္စကအချိန်အတော်လေးပေးရတဲ့အရာလည်းဖြစ်ပါတယ်။ ဒီထက်ပိုအဆင်ပြေမယ့်နည်းလမ်းမရှိဘူးလားဆိုရှိပါတယ်။ အမေရိကန်အခြေစိုက် နာမည်ကျော် custom PC တွေတပ်ဆင်ရောင်းချတဲ့ Maingear နဲ့ Gigabyte တို့ဟာ Project Stealth ဆိုတဲ့ ကြိုးပျောက် PC တစ်မျိုးကိုဖန်တီးထားပါတယ်။

ဒီပရောဂျက်ဟာ စစခြင်း အဆင်မပြေမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး Gigabyte ရဲ့ Aorus ပြင်သစ်ဌာနခွဲက ပြီးခဲ့တဲ့ဒီဇင်ဘာမှာ Project Stealth ရဲ့ Render လုပ်ထားတဲ့ပုံကို Twitter မှာတင်ခဲ့ပါတယ်။ စိတ်ကူးကောင်းလို့ဆိုနိုင်ပေမယ့် ဒီပရောဂျက်မှာအသုံးပြုမယ့် မာသားဘုတ်ဒီဇိုင်းကို Maingear က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းကမူပိုင်ခွင့်ယူထားပြီးဖြစ်နေသလို Gigabyte အပါအဝင် မားသားဘုတ်ထုတ်လုပ်သူတွေစီကဝယ်ယူဖို့လည်းကြိုးစားခဲ့ဖူးပါတယ်။


အဆင်မပြေမှုတွေရှိခဲ့ပေမယ့် ၅လအကြာမှာ Project Stealth ဟာ အမှန်တကယ်ကို ထုတ်ကုန်တစ်ခုအဖြစ်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ကြိုးပျောက်တဲ့ပုံစံရအောင် Project Stealth မှာ Gigabyte ဟာ Maingear ရဲ့ မူပိုင်ခွင့်ပုံစံအတိုင်းဖန်တီးထားတဲ့ Z690 Aorus Elite Stealth Edition မားသားဘုတ်ကိုသုံးထားကာ Port တွေအားလုံးကို သာမန်နဲ့မတူ နောက်ကျောဘက်ကိုလှည့်ပေးထားတာဖြစ်ပါတယ်။


Graphics Card အတွက်လည်း Gigabyte GeForce RTX 3070 Gaming OC Stealth ကိုသုံးထားပြီး 8 pin 6 pin power connector တွေကို PCIe Slot ဘက်ကိုလှည့်ထားပါတယ်။ Casing အတွက် ပြန်လည်ပြင်ဆင်ထားတဲ့ Aorus C300 ကိုအသုံးပြုထားတယ်လို့သိရပါတယ်။

Maingearရဲ့ Stealth Gaming Desktop ကို 12th Gen Intel CPU model အချို့နဲ့ရနိုင်ပါတယ်။ AMD CPU နဲ့ ရမရတော့မသေချာသေးပါဘူး။ Memory ပိုင်းအတွက် 64GB Kingston Fury Beast DDR5 5200 kits သို့ 32GB XPG Lancer RGB DDR5-6000 kits နဲ့ရနိုင်ပါတယ်။ Storage ပိုင်းအတွက် များစွာရွေးချယ်ခွင့်ပေးထားသလို air သို့ liquid cooling အပြင် Power Supplyကိုလည်း 1200W အထိရနိုင်ပါတယ်။



Stealth Gaming Desktop ကိုဘယ်တော့ရောင်းချမလဲဆိုတာ Maingear ကတိတိကျကျမပြောသေးပါဘူး။ DIY အတွက် Gigabyte ကထွက်ပြီဆိုပေမယ့် စာရေးတဲ့အချိန်ထိမတွေ့သေးဘူးလို့ဆိုပါတယ်။

Source: Hot Hardware

#EnThueTech
#News #Gaming

Post a Comment

0 Comments