Subscribe Us

header ads

Streaming ကုမ္ပဏီကြီးထံရောင်းချဖို့ပြင်နေတဲ့ EA


မနှစ်က ဂိမ်းစတူဒီယိုနဲ့ ထုတ်ဝေသူတွေဟာ ဒေါ်လာ ဘီလီယံ၁၀၀လောက်သုံးခဲ့ကြပါတယ်။ Microsoft ဟာ Activision Blizzard ကိုဝယ်ယူခဲ့ပြီး Sony က Bungie နဲ့ အခြား developer ငယ်တွေကိုဝယ်ယူခဲ့တာပါ။

လက်ရှိမှာ single player ဇာတ်လမ်းသွား ဂိမ်းတွေထုတ်ဝေဆဲဖြစ်တဲ့ကုမ္ပဏီတွေဟာ သူတို့ရဲ့အခြေနေတွေကိုတစ်ဖန်ပြန်လည်စဉ်းစားနေရပါပြီ။ Puck သတင်းဌာနအဆိုအရ Ubisoft ဟာ ဖေဖော်ဝါရီလလောက်ကဝယ်ယူခံရဖို့အသံထွက်ခဲ့သလို EA ဟာလည်း ဝယ်ယူခံရဖို့ညှိနှိုင်းမှုတွေရှိနေတယ်လို့ဆိုပါတယ်။

Puck ရဲ့ရင်းမြစ်တွေအရ NBC Universal နဲ့ EA တို့ပူးပေါင်းဖို့နီးစပ်ခဲ့သေးတယ်ဆိုပေမယ့် ဈေးနှုန်းသတ်မှတ်ဖို့ညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့် ရပ်တန့်သွားခဲ့ရပါတယ်။ EA ရဲ့ လက်ရှိဈေးကွက်ပေါက်ဈေးဟာ ဒေါ်လာ ၃၇ ဘီလီယံဖြစ်ပြီး Activision Blizzard ဝယ်ယူမှုနောက် ဒုတိယအကြီးမားဆုံးဝယ်ယူခံရမှုဖြစ်လာမှာပါ။



EA ကိုယ်တိုင်ကလည်း စတူဒီယိုနဲ့ franchise အသစ်တွေကိုဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၈လကာလအတွင်း racing sim ရေးဆွဲသူ Codemaster အပါအဝင် မိုဘိုင်လ်းဂိမ်းစတူဒီယို၂ခုအတွက် ဒေါ်လာ ၅ဘီလီယံလောက်သုံးထားပါတယ်။ ဒါပေမယ့် လက်ရှိရရယူ IP တွေကပြဿနာရှိနေပြီး ၂၀၂၃မှာ Star Wars ဂိမ်းတွေကိုမူပိုင်ခွင့်သက်တမ်းတိုးမှာမဟုတ်ပဲ အခြားဂိမ်းဖန်တီးသူတွေအတွက် တံခါးဖွင့်ထားပေးမယ်လို့ဆိုပါတယ်။

ဖြစ်နိုင်ချေတစ်ခုက EA ဟာ မတ်လတုန်းက Disney ကိုချည်းကပ်ခဲ့ပြီး လိုင်စင်တွေရယူတာထက်ပိုတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့ကြိုးစားခဲ့တယ်လို့ Puck ရဲ့ သတင်းအရင်းအမြစ်ကဆိုပါတယ်။ ဒါပေမယ့် Disney ကစိတ်ဝင်စားဟန်မပြပါဘူး။

EA ဟာ FIFA နဲ့ ၂၅နှစ်ကြာ မိတ်ဖက်ပြုမှုကို လာမယ့်နှစ်မှာအဆုံးသတ်မယ်လို့အတည်ပြုထားပါသေးတယ်။ ၂၀၂၃ခုနှစ်မှာတော့ EA Sports FC လို့ အမည်မပြောင်းသေးခင် FIFA အမည်နဲ့ နောက်ဆုံးဂိမ်းတစ်ခုထွက်လာမှာဖြစ်ပါတယ်။

Source: Techspot

#EnThueTech
#News
#Gaming

Post a Comment

0 Comments