Intel ဟာ ပထမဆုံးအကြိမ်အဖြစ် Intel 4 process node အကြောင်းအသေးစိတ်နဲ့ Meteor Lake die ရဲ့ ပုံရိပ်ကို 2022 IEEE VLSI Symposium မှာပြသသွားပါတယ်။ Process Node အသစ်ဖြစ်တဲ့ Intel 4 ဟာ ယခင်မျိုးဆက် Intel 7 node ထက် တူညီတဲ့ပါဝါစားသုံးမှုမှာ 21.5% frequency ပိုမြင့်မား သို့ တူညီတဲ့ frequency မှာ ပါဝါစားသုံးမှု 40%ပိုမိုလျော့နည်းမယ်လို့ဆိုထားပါတယ်။ area scaling ၂ဆလုပ်ထားနိုင်တဲ့အတွက် transistor density ၂ဆတိုးလာတယ်လို့ဆိုပါတယ်။
Intel ဟာ 10 process မှာခြေလှမ်းမှားခဲ့တဲ့အတွက် နည်းပညာအရဦးဆောင်ထားနိုင်မှုကို TSMC ထံလွှဲပြောင်းပေးခဲ့ရပါတယ်။ အခုလိုအခြေမှာတော့ ကုမ္ပဏီတွေဟာ Intel 4 (နောင်စာပုဒ်များတွင် I4 ဟု သုံးနှုန်းမည်) process ကိုမျက်စိကျနေကြပြီး ၂၀၂၃ခုနှစ်မှာ စျေးကွက်ထဲဝင်ရောက်လာဖို့ရှိပါတယ်။
ယခင်က Intel အနေနဲ့ 10nm မှာ 2.7x scaling အထိဖြစ်ဖို့ကြံခဲ့တာကြောင့် နည်းပညာအသစ်တွေလိုအပ်ခဲ့သလို အချို့နည်းပညာတွေဟာလည်း မျှော်မှန်းထားသလိုမဖြစ်လာခဲ့တဲ့အတွက် နှောင့်နှေးမှုတွေအများကြီးဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်။ အခုI4 ကစပြီး Intel ဟာ ပြောင်းလွယ်ပြင်လွယ်တဲ့ ပုံစံကိုချဉ်းကပ်လာခဲ့ပြီး node တစ်ခုခြင်းစီမှာ နည်းပညာအသစ်တွေကို တစ်ဆင့်ပြီးတစ်ဆင့်ထည့်သွင်းဖို့ကြံရွယ်လာပါတယ်။ ဒါ့ကြောင့် ယခင်လိုနှောင့်နှေးမှုတွေမဖြစ်လာလောက်တော့ဘူးလို့မျှော်လင့်ရပါတယ်။
Intel အနေနဲ့လက်ရှိမှာ node များစွာကိုတစ်ပြိုင်တည်းဖန်တီးနေပြီး ၄နှစ်အတွင်း node ၅ခုကိုထုတ်ပေးသွားမယ်လို့ဆိုထညးပြီး I4 ဟာ ဒီခရီးစဉ်မှာ ဒုတိယအဆင့်ဖြစ်ပါတယ်။
Intel Meteor Lake ဟာ ပထမဆုံးဈေးကွက်ဝင်မယ့် I4 process ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ Meteor Lake ကို ၂၀၂၃လောက်မှာထုတ်ဖို့ရှိပါတယ်။ Meteor Lake မှာ Lakefieldတွေလို Intel ရဲ့ Foveros 3D packaging နည်းပညာကိုအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် အမြောက်အများထုတ်လုပ်ရာမှာတော့ ပထမဆုံးအကြိမ်လို့ပြောနိုင်ပါတယ်။
Intel ဟာ die ၄ခု (Intel ၏ အခေါ်အဝေါ်အရ tiles ဟုခေါ်)ကို interposer မှတဆင့် TSV နဲ့ချိတ်ဆက်ထားပါတယ်။ အကယ်၍ cache တွေ သို့ အခြား control circuit တွေတင်ထားမယ်ဆိုရင် ဒီ interposer ဟာ အလုပ်လုပ်မလား သို့ မလုပ်ဘူးလားဆိုတာကိုတော့ မပြောသွားပါဘူး။ Intel အနေနဲ့ interposer ပေါ်မှာ compute tile၊ I/O tile၊ SOC tile နဲ့ graphics tile ဆိုတဲ့ tile ၄ခုကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။
Intel အနေနဲ့ compute tile မှာ I4 process ကိုသုံးမယ်လို့ဆိုထားပေမယ့် အခြား tile တွေမှာ ဘာprocess သုံးမယ်ဆိုတာကို ထုတ်ဖော်ပြသခြင်းမရှိသေးပါဘူး။ ဒီနှစ်အစောပိုင်းက Analyst Day မှာတုန်းကတော့ Meteor Lake နဲ့ Arrow Lake processor တွေမှာ TSMC N3 (3nm) node ပါတဲ့ slide ကိုတော့ဖော်ပြခဲ့ဖူးပါတယ်။ အများစုက graphics tile ဖြစ်မယ်လို့ယူဆကြပါတယ်။
Alder Lake လိုပါပဲ Meteor Lake ဟာ hybrid x86 architecture နဲ့လာပါမယ်။ ဒီတစ်ခါမှာတော့ P-Cores ၆ခုနဲ့ E-Cores ၈ခုပါဝင်ပါတယ်။ ပုံအရ အပြာရောင်ချယ်ထားတာက Redwood Cove (P-Cores)တွေဖြစ်ပြီး latency နဲ့ စွမ်းဆောင်ရည်အသားပေးအလုပ်တွေအတွက်ဖြစ်ပါတယ်။ ပန်းရောင်နဲ့မြင်ရတာကတော့ Cremount(E-Cores)တွေဖြစ်ကာ background နဲ့ multithread အလုပ်တွေအတွက်ဖြစ်ပါတယ်။ ချစ်ပ်ရဲ့ အလယ်မှာ L3 cache တွေနဲ့ interconnected circuit တွေရှိပါတယ်။ Intel ဟာ SOC နဲ့ I/O tile တွေရဲ့ ကွဲပြားခြားနားမှုကိုရှင်းလင်းပြဖို့လိုပါသေးတယ်။
Source: Tom's Hardware
#EnThueTech
#News #CPU #Intel
0 Comments