မနေ့က AMD ဟာ သူတို့ FidelityFX Super Resolution 2.0 နည်းပညာရဲ့ source code တွေကို developer တွေရယူနိုင်တော့မယ်လို့ဆိုပါတယ် ဒီအတွက် developer တွေဟာ သူတို့ဂိမ်းတွေမှာ ဒီနည်းပညာကိုထည့်သွင်းလာနိုင်ပြီဖြစ်ပါတယ်။ ဒီလို open source ဖြစ်လာတဲ့အတွက် FSR 2.0 upscaling ဟာ ဒီထက်ပိုတိုးတက်လာဦးမှာဖြစ်သလို အထောက်အပံ့ပေးတဲ့ဂိမ်းတွေလည်းပိုများလာမှာပါ။
FSR 2.0 ရဲ့နောက်ထပ်ခြေလှမ်း
AMD ဟာ FSR 2.0.1 ကိုထုတ်ဝေလိုက်ပြီး DX12 နဲ့ Vulkan ကို အထောက်အပံ့ပေးသွားမယ်လို့အတည်ပြုထားပါတယ်။ AMD ဟာ Unreal Engine 4.26/4 27 နဲ့ Unreal Engine 5 အတွက် plugin တွေထုတ်ဝေဖို့ရှိပြီး Unreal Engine သုံးဂိမ်းတွေမှာ FSR ကိုထည့်သွင်းရတာပိုမိုလွယ်ကူလာစေမှာပါ။
AMD ရဲ့ FidelityFX Super Resolution 2.0 webpage မှာ DX11 အကြောင်းမပြောထားပေမယ့် developer တွေကိုတော့ DX11 မှာ FSR 2.0 သုံးလိုတယ်ဆိုရင် အသေးစိတ်ကိုသူတို့ထံဆက်သွယ်နိုင်ကြောင်းဆိုထားပါတယ်။ God of War ဂိမ်းဟာ FSR 2.0 သုံးထားတဲ့ DX11 ဂိမ်းမို့ DX11 မှာ FSR သုံးလို့ရနိုင်တာသေချာပါတယ်။
အခုဆိုရင် GitHub မှာ developer တွေဟာ source code အပြင် စာရွက်စာတမ်းတွေနဲ့ FSR 2.0.1 ရဲ့ code နမူနာကိုရယူနိုင်ပြီဖြစ်ပါတယ်။
Xbox အတွက် Microsoft ဟာ FSR 2.0 ကို Xbox Game Development Kit ကနေရယူနိုင်မယ်လို့ AMD ကအတည်ပြုပေးထားပါတယ်။
Source: OC3D
#EnThueTech
#News
0 Comments