Subscribe Us

header ads

WWDC 2022 မှာ မိတ်ဆက်လိုက်တဲ့ Apple ရဲ့ M2 ချစ်ပ်အကြောင်း


Image: Apple

နာမည်ကျော်နည်းပညာဘီလူးကြီးဖြစ်တဲ့ Apple ဟာ မနေ့က WWDC 2022 ပွဲမှာ မျိုးဆက်သစ် Apple စီလီကွန် M2 ချစ်ပ်အကြောင်းကြေညာသွားခဲ့ပါတယ်။ M2 ကို ဒုတိယမျိုးဆက် 5nm နည်းပညာနဲ့တည်ဆောက်ထားတာဖြစ်ပြီး CPU ဟာ စွမ်းဆောင်ရည် ၁၈ရာခိုင်နှုန်း၊ GPU စွမ်းဆောင်ရည် ၃၅ရာခိုင်နှုန်းနဲ့ Neural Engine စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာတယ်လို့ဆိုပါတယ်။ M1 နဲ့နှိုင်းယှဉ်မယ်ဆိုရင် memory bandwidth ၅၀ရာခိုင်နှုန်းတိုးတက်လာသလို unified memory ဟာလည်း 24GB အထိရရှိနိုင်ပါတယ်။ ဒါ့အပြင် သီးသန့်နည်းပညာတွေနဲ့ တွေကို အသစ်ပြန်လည်ဖန်တီးထားတဲ့ MacBook Air အသစ်နဲ့ ၁၃လက်မ MacBook Pro အသစ် တွေမှာ ထပ်ပေါင်းထည့်ထားပါတယ်။

M2 ဟာ ဒုတိယမျိုးဆက် M-series ချပ်စ်တွေကိုအစပျိုးလိုက်တာဖြစ်ပြီး M1 ထက်ပိုမိုအစွမ်းထက်လာမှာပါ။

Image: Apple

ပိုများတဲ့ transistors၊ ပိုများတဲ့ memory

M2 ရဲ့ SoC ဒီဇိုင်းဟာ enhanced လုပ်ထားတဲ့ 5nm နည်းပညာကိုအသုံးပြုထားပြီး transistors ဘီလီယံ ၂၀ပါဝင်ကာ M1 ထက် ၂၅ရာခိုင်နှုန်းပိုမိုများပြားပါတယ်။ ပိုများပြားလာတဲ့ transistor တွေဟာ ချစ်ပ်ရဲ့ feature တွေကိုပိုမိုတိုးတက်လာစေပြီး unified memory bandwidth 100/s ရှိလာကာ M1 ထက် ၅၀ရာခိုင်နှုန်းပိုမိုများပြားလာပါတယ်။

Image: Apple

24GBအထိရှိလာမယ့် unified memory ကြောင့် M2 ဟာ ပိုမိုကြီးမားရှုတ်ထွေးတဲ့ အလုပ်တွေကိုကိုင်တွယ်နိုင်စွမ်းရှိလာပါတယ်။

ပိုမိုမြန်ဆန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်

CPU အသစ်ဟာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ core တွေတပ်ဆင်ထားပြီး ပိုမိုကြီးမားတဲ့ cache တွေပါဝင်ပါတယ်။ ပိုမိုထူထဲ၊ ပိုပူပြီး ဆူညံ‌‌လေ့ရှိတဲ့စက်တွေမှာတွေ့ရလေ့ရှိတဲ့ ပါဝါစားသုံးမှုများလှတဲ့ 12 Cores PC Laptop ချစ်ပ်နဲ့ဆိုရင် M2 ဟာ နောက်ဆုံးပေါ် 12 Cores ချစ်ပ်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ရဲ့ ၉၀ရာခိုင်နှုန်းနီးပါးကို စွမ်းအင် ၄ပုံတစ်ပုံလောက်သာသုံးပြီး ထုတ်ပေးနိုင်ပါတယ်။

Image: Apple

efficiency core တွေဟာ စွမ်းဆောင်ရည်ပိုကောင်းလာကာ M1 ထက် multithread စွမ်းဆောင်ရည် ၁၈ရာခိုင်နှုန်းတိုးတက်လာတာမို့ စွမ်းအင်နည်းနည်းလေးနဲ့ သီချင်းက effect layer သို့ ဓာတ်ပုံက filter ထည့်သွင်းတာလို CPU အသားပေးအလုပ်တွေလုပ်လာနိုင်ပါတယ်။

Image: Apple

10 Cores laptop နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တူညီတဲ့ပါဝါစားသုံးမှုမှာ စွမ်းဆောင်ရည်၂ဆနီးပါးပိုကောင်းမယ်လို့ဆိုပါတယ်။

Image: Apple

M2 ဟာ PC ချစ်ပ်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို စွမ်းအင် ၄ပုံတစ်ပုံလောက်နဲ့သုံးလို့ရစေပါတယ်လို့ဆိုပါတယ်။

Image: Apple

M2 မှာ 10 Cores အထိရှိတဲ့ မျိုးဆက်သစ်GPU ထည့်သွင်းထားတာ M1 ထက် Cores ၂ခုပိုများလာပါတယ်။ ပိုကြီးမားလာတဲ့ cache နဲ့ မြင့်မားလာတဲ့ memory bandwidth ကြောင့် graphics စွမ်းဆောင်ရည်သိသိသာသာမြင့်တက်လာကာ M1 ထက် တူညီတဲ့စွမ်းအင်သုံးစွဲမှုမှာ ၂၅ရာခိုင်နှုန်းအထိပိုကောင်းလာသလို အမြင့်ဆုံးစွမ်းအင်သုံးစွဲမှုမှာ ၃၅ရာခိုင်နှုန်းပိုမိုကောင်းမွန်လာပါတယ်။

Image: Apple


Image: Apple


PC ရဲ့ integrated graphics နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တူညီတဲ့စွမ်းအင်သုံးစွဲမှုမှာ ၂.၃ဆပိုမြန်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်ကို စွမ်းအင် ၅ပုံ၁ပုံလောက်နဲ့ထုတ်ပေးနိုင်ပါတယ်။ မြင့်မားတဲ့ performance per watt ကြောင့် ဘက်ထရီအရမ်းခံသလို အေးမြတိတ်ဆိတ်စွာ အလုပ်လုပ်နိုင်ကာ graphics အသားပေးဂိမ်း သို့ ကြီးမားတဲ့ RAW ဓာတ်ပုံဖိုင်တွေကို‌တောင်edit လုပ်နိုင်စေပါတယ်။

Apple ရဲ့ မျိုးဆက်သစ်သီးသန့်နည်းပညာများ

M2 ဟာ Apple ရဲ့ နောက်ဆုံးပေါ်သီးသန့်နည်းပညာတွေကို Mac တွေဆီယူဆောင်လာပြီး စွမ်းဆောင်နိုင်မှုအသစ်၊ ပိုကောင်းတဲ့လုံခြုံရေးအစီအမံနဲ့ အခြားအရာတွေကိုရရှိစေပါတယ်။
  • Neural Engine ဟာ 15.8 trillion operation per second အထိရှိလာပြီး M1 ထက် ၄၀ရာခိုင်နှုန်းပိုမိုလာပါတယ်
  • Media Engine မှာ bandwidth ပိုမြင့်တဲ့ video decoder ပါဝင်ကာ 8K H.264 နဲ့ HEVC video ကိုအထောက်အပံ့ပေးလာပါတယ်။
  • Apple ရဲ့ စွမ်းဆောင်ရည်မြင့် ProRes video engine ဟာ 4K နဲ့ 8K video ၂ခုစလုံးကို အများအပြား stream လုပ်ပေးနိုင်ပါတယ်။
  • Apple ရဲ့ နောက်ဆုံးပေါ် Secure Enclave ဟာ သူ့အတန်းအစားထဲမှာ အကောင်းဆုံးလုံခြုံရေးကိုပေးနနုင်ပါတယ်။
  • image signal processor (ISP) အသစ်ဟာ ပိုကောင်းတဲ့ noise reduction ကိုထုတ်ပေးနိုင်ပါတယ်။

macOS၊ M2 နှင့် App များ

macOS ဟာ Apple Silicon အတွက်ရေးဆွဲထားတာဖြစ်ပါတယ်၊ macOS Monterey နဲ့ စွမ်းအားကောင်းတဲ့ M2 ဟာ အသုံးပြု‌သူတွေအတွက် ထူးခြားတဲ့စွမ်းဆောင်ရည်ကိုပေးနိုင်ပါတယ်။ Apple Silicon အသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေဟာ Mac အတွက် iPhone နဲ့ iPad app တွေအပါအဝင် အများပြားလှဆုံး app တွေကိုရယူနိုင်မှာဖြစ်ကာ ဘက်စုံသုံး app တွေဟာ M-series ချစ်ပ်တွေရဲ့ စွမ်းဆောင်ရည်ကို ရွက်ကုန်ဖွင့်သုံးနိုင်မှာဖြစ်ပါတယ်။

macOS Ventura ဟာ ဒီနှစ်ကုန်ပိုင်းမှာထွက်ရှိလာမှာဖြစ်ပြီး M2 ရဲ့ အားသာချက်ကိုအပြည့်အဝသုံးနိုင်ကာ Stage Manager၊ FaceTime အတွက်စွမ်းဆောင်ရည်အသစ်ဖြစ်တဲ့ Continuity Camera နဲ့ Handoff တွေပါဝင်ပါတယ်။ macOS Ventura ဟာ Safari၊ Mail၊ Message၊ Spotlight တို့အတွက် ကြီးမားတဲ့ update အပြင်အခြားအရာတွေပါဝင်လာမှာပါ။

Source: Apple

#EnThueTech
#News
#Apple

Post a Comment

0 Comments