![]() |
Image via Asus |
Asus ဟာ ပြီးခဲ့တဲ့ ဧပြီလတစ်ရက်နေ့မှာ Windowsအခြေပြု handheld gaming console ROG Ally ကိုပြသခဲ့ပြီး ပြသစဉ်ကတည်းက ဒီလို consoleတွေဟာ ဈေးကွက်ထဲရှိနေပြီမို့ April Fool မဆန်ပဲ တကယ့်ထုတ်ကုန်တစ်ခုဖြစ်နိုင်တယ်ဆိုတာယူဆခဲ့ရပါတယ်။ နောက်ပိုင်းမှာ ROG Ally ဟာ အမှန်တကယ်ထုတ်ကုန်ဖြစ်ပြီး ကမ္ဘာအနှံ့ဖြန်ချီမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အခုဆိုရင် Geekbench ကနေပေါက်ကြားလာတဲ့ အသေးစိတ်အချက်အလက်တွေအရ ROG Ally မှာ AMD APU တွေဖြစ်တဲ့ Ryzen Z1 နဲ့ Z1 Extreme ဆိုတဲ့ custom APU ၂မျိုးကိုသုံးလာမှာပါ။
![]() |
Source: Geekbench |
ပေါက်ကြားမှုအရ Extreme နဲ့ non-extreme ဟာ Core ၆ခုနဲ့ Core ၈ခုဆိုပြီးကွဲပြားကာ Clock Speed ကလည်း 200MHz လောက်ကွာခြားမှာဖြစ်ပါတယ်။ ဒီ APU တွေမှာ AMD Ryzen 7 7840U ကို အခြေခံပြုပြင်ထားတဲ့ CPU နဲ့ RDNA 3 GPU Architecture ကိုအသုံးပြုလာမှာဖြစ်ပြီး Ryzen Z1 extreme မှာ 6CU(12 RDNA3 CU)ပါဝင်မယ်လို့ကြားသိရပါတယ်။
Source: Videocardz
#EnThueTech
#News
#Leak
0 Comments