![]() |
Image: Intel |
သတင်းတွေထွက်ပေါ်နေခဲ့တဲ့အတိုင်း မကြာသေးခင်က Intel ဟာ consumer CPU တွေကို Core နဲ့ Core Ultra ဆိုပြီးနာမည်အသစ်တွေအသုံးပြုကြေညာလာပါတယ်။ မေလလောက်က Benchmark တွေမှာ Core Ultra 5 နဲ့ Core Ultra 7 ကိုမြင်တွေ့ရတဲ့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ Intel ဟာ Meteor Lake CPU တွေထွက်ပေါ်လာတာနဲ့ အသုံးပြုမှာဖြစ်တယ်လို့အတည်ပြုလိုက်ပါပြီ။
![]() |
Image: Intel |
Intel ဘက်ကတော့ ဒီအမည်ပြောင်းလဲမှုဟာ ကုမ္ပဏီရဲ့သက်တမ်းတစ်လျှောက် အထူးခြားဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ပုံမှန် monolithic ပုံစံမဟုတ်ပဲ ပထမဆုံး multi-tile နဲ့တည်ဆောက်ကာ Intel 4 process node(7nm) နဲ့ဖန်တီးထားတဲ့ Meteor Lake မှာ စတင်ပြောင်းလဲလိုက်တာ အကောင်းဆုံးဖြစ်တယ်လို့ Intel ကယူဆပုံရပါတယ်။
![]() |
Image: Intel |
ဒီနှစ်ထဲမှာထွက်ရှိမယ့် Meteor Lake ကစတင်ပြီး Intel ဟာ CPU SKU ၂မျိုးကိုအသုံးပြုသွားပါမယ်။ mainstream CPU တွေအတွက် Intel Core 3, Core 5 နဲ့ Core 7 ဆိုပြီးပြောင်းလဲသွားမှာဖြစ်သလို Premium တန်းဝင် အမြင့်ပိုင်း CPU မော်ဒယ်တွေကိုတော့ Core Ultra 5၊ Core Ultra 7 နဲ့ Core Ultra 9 လို့ခေါ်ဆိုသွားမှာဖြစ်ပါတယ်။
![]() |
Image: Intel |
သတင်းတွေအရ Intel အနေနဲ့ ၂၀၀၈ခုနှစ် နိုဝင်ဘာလမှာစတင်ဖြန့်ချီခဲ့တဲ့ ပထမဆုံး Core i-series CPU Nahalem microarchitecture ကတည်းကအသုံးပြုလာခဲ့တဲ့ "i" ဆိုတဲ့စာလုံးကိုဖြုတ်ချတော့မယ်ဆိုတဲ့အကြောင်းကို လူတိုင်းကကြိုဆိုခြင်းမရှိပါဘူး။ Intel ရဲ့ ချစ်ပ်တွေအကြောင်းပြောဆိုကြတဲ့အခါ အတော်တော်များများ i5 (သို့မဟုတ်) i7 လို့နှုတ်ကျိုးနေကြပါတယ်။ ဒီအတွက် i ဆိုတဲ့စာလုံးကိုဖြုတ်ပြီး Core (သို့မဟုတ်) Core Ultra လို့ပြောင်းလဲခေါ်ဆိုဖို့က အချိန်အတော်ယူရဦးမှာပါ။
![]() |
Image: Intel |
နောက်ထပ်ပြောင်းလဲမှုကြီးတစ်ခုက Intel ဟာ သူတို့ရဲ့ processor တွေမှာ mainstream နဲ့ premium ဆိုပြီး အုပ်စု၂ခုခွဲထုတ်လိုက်တာပါ။ ဒီလိုအမှတ်တံဆိပ်အသစ်ဖန်တီးပြီး Ultra ဆိုတဲ့နာမည်ကိုမိတ်ဆက်ရခြင်းဟာ နည်းပညာသမားမဟုတ်တဲ့သူတွေအတွက်ခေါ်ဆိုရတာပိုလွယ်ကူအောင်လို့ဆိုထားပေမယ့် အခြားသူတွေက သိပ်ပြီးကြိုဆိုနေမှာမဟုတ်ပါဘူး။
နောက်ထပ် Intel အနေနဲ့ သူတို့ရဲ့ Core အမှတ်တံဆိပ်ရှေ့မှာ ချစ်ပ်ရဲ့ မျိုးဆက်ကိုဖော်ပြမှုကိုလည်း အဆုံးသတ်မယ်လို့ဆိုပါတယ်။ ဒီတော့ Core Ultra 9 14900K ဆိုပြီးဖြစ်လာမှာပါ။
Intel က သူတို့ရဲ့ Arc Graphics Card တွေဟာ Core နဲ့ Core Ultra processor ၂မျိုးမှာတွဲဖက်နိုင်တယ်လို့ဆိုပါတယ်။ Joe Peddie Research ရဲ့ graphics card နယ်ပယ်အကြောင်းလေ့လာချက်မှာ Nvidia အနေနဲ့ ဈေးကွက်ဝေစုကိုကြီးကြီးမားမားရရှိထားပြီး Intel အနေနဲ့ ဝေစု ၄ရာခိုင်နှုန်းသာရှိတယ်လို့သိရပါတယ်။
![]() |
Image: Intel |
Intel ဟာ သူတို့ရဲ့ Evo Edition ပလက်ဖောင်းတံဆိပ်ကိုလည်း အပြောင်းအလဲတွေပြုလုပ်ထားတယ်လို့ဆိုပြီး commercial system တွေအတွက် Intel vPro Enterprise နဲ့ Intel vPro Essential တံဆိပ်အသစ်တွေကိုမိတ်ဆက်ခဲ့ပါတယ်။
Intel ဘက်ကတော့ Meteor Lake အရှေ့ပိုင်းက processor တွေကို အမည်ပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုထားပြီး PC ပါတနာတွေရဲ့ အကူအညီနဲ့ အမှတ်တံဆိပ်အသစ်ကိုသိရှိအောင် အသိပညာပေးမှုတွေဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
Source: TechSpot and PC World
#EnThueTech
#News
#CPU
Related Post
0 Comments