Subscribe Us

header ads

နောက်ဆုံးထွက် Windows 11 update တွင် Cortana အက်ပ်ကို Microsoft မှ ဖယ်ရှား

Image via Engadget

မေလလောက်က Microsoft ဟာ Cortana ကို Windows 10 နဲ့ ဒီနှစ်ကုန်မှာ Windows 11 မှာ အထောက်အပံ့ပေးမှုရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ Cortana ကိုအစားထိုးဖို့ရာ Microsoft အနေနဲ့ AI အခြေခံ Windows Copilot ကို သုံးစွဲမှာဖြစ်ပါတယ်။

Image: En Thue Tech

လက်ရှိမှာသင်က နောက်ဆုံး Windows 11 update ကိုမတင်ရသေးဘူးဆိုရင် Cortana ကို disable လုပ်ရဦးမှာမဟုတ်ပါဘူး။ အကယ်၍သင်က update တင်လိုက်မယ်ဆိုရင် Clippy လို စွန့်ပယ်ခံလိုက်တဲ့ Microsoft assistant လိုမျိုး Cortana ကိုသုံးစွဲနိုင်တော့မှာမဟုတ်ပါဘူး။

Microsoft အဆိုအရ Cortana ဟာ Microsoft 365 app တွေမှာ productivity assistant အဖြစ်ဆက်လက်ရှိနေမှာဖြစ်ပြီး ပုံမှန်အတိုင်းဆက်သုံးနိုင်မှာဖြစ်သလို Outlook Mobile မှာလည်း email တွေကိုအသံထွက်ဖတ်စေဖို့ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Source: PC Gamer

#EnThueTech
#News
#Windows
#AI

Blog

Post a Comment

0 Comments